မိတ္ထီလာတက္ကသိုလ်
တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မိတ္ထီလာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသည့် ဒေါက်တာအရှင်ဥတ္တမာနန္ဒ(PhD၊ သီရိလင်္ကာ)၏
Buddha's Teaching သင်တန်းကို (၂၈-၆-၁၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ်
ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊
ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်တန်းရေးရာဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊
ကျောင်းသူများနှင့် ၀န်ထမ်းများ တရားတော်နာယူကြည်ညိုခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ်မိသားစု၏
လှူဖွယ်ဝတ္ထုအစုစုအတွက် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က သင်္ကန်းနှင့်
န၀ကမ္မအလှူငွေများ လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို
မေးမြန်းကြရာ ဆရာတော်မှလည်း ဂရုဏာရှေ့ထားဖြေကြားပေးခဲ့ပါသည်။ အခမ်းအနားပြီးနောက် ဆရာတော်နှင့်
အာဂန္တုရဟန်းတော်တို့အား နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရှိရပါသည်။










