Wednesday, September 19, 2018

မိတ္ထီလာတက္ကသိုလ် ထူးချွန်ဆုချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနား(၂၇-၂-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပညာရည်ထူးချွန်မှု၊ အားကစားထူးချွန်မှု၊ အင်္ဂလိပ်စာစွမ်းရည်ထူးချွန်မှု၊ ကင်းထောက်လူငယ်သင်တန်းထူးချွန်မှု၊ တက္ကသိုလ်အဆင့်သုတေသနထူးချွန်မှု၊ အထက်မြန်မာပြည် ဦးစီးအဆင့် သုတေသနထူးချွန်မှု၊ ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့်(သုတေသန၊ Project) ထူးချွန်မှုတို့တွင် မိတ္ထီလာတက္ကသိုလ်ဂုဏ်ဆောင်ခဲ့သူများအား ထူးချွန်ဆုချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၇-၂-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "လှမ်းခဲ့ပါအဆွေ မိတ္ထီလာတက္ကသိုလ်မြေ" သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များက ထူးချွန်ဆုများ ချီးမြှင့်ပေးခဲ့ကြပြီး ဘာသာရပ်ဌာနအလိုက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။