Wednesday, September 19, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်မည့် ပထမပညာသင်ကာလ စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး(၁၉-၃-၂၀၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်မည့် ပထမပညာသင်ကာလ စာမေးပွဲကို အေးအေးချမ်းချမ်းအောင်အောင်မြင်မြင်ချောချောမွေ့မွေ့ ကျင်းပနိုင်ရေးအတွက် (၁၉-၃-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့်အတူ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မော်ကွန်းထိန်းနှင့် အင်ဂျင်နီယာမှူးတို့ လိုက်ပါ၍ စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာဖြေခန်းများ အတွင်းအပြင်နှင့် စာဖြေဆောင်ပတ်ဝန်းကျင်များ သန့်ရှင်းသာယာရေးနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်နေစေရေးတို့အတွက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ပထမပညာသင်ကာလ စာမေးပွဲကို (၂၀-၃-၂၀၁၈) ရက်နေ့မှ (၂၈-၃-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရရှိပါသည်။