Thursday, September 20, 2018

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောဆွေးနွေးပွဲအခမ်းအနား(၂၀-၆-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေခြင်းအလို့ငှာ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောဆွေးနွေးပွဲအခမ်းအနားကို (၂၀-၆-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယရဲမှူး မြင့်စိုး(ယာဉ်ထိန်းတပ်ဖွဲ့၊ မိတ္ထီလာမြို့နယ်)၊ ဒုတိယရဲမှူး ၀င်းညွန့်(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင်)၊ ရဲမှူး မိုးညွန့်ထွန်း(မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး)၊ ဒုရဲအုပ် သိပ္ပံ(မိတ္ထီလာမြို့၊ အမှတ်(၃)နယ်မြေရဲစခန်း၊ နယ်ထိန်းခေါင်းဆောင်)နှင့် ဒေါ်သော်တာလမင်းထွန်း(မိတ္ထီလာမြို့နယ်၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ)တို့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။