Thursday, September 20, 2018

မိတ္ထီလာတက္ကသိုလ် ဒဿနိကဗေဒဌာနမှ ကြီးမှူး၍ ဧည့်သည်တော် ပါမောက္ခဒေါက်တာဆန်းထွန်းက စာပေအသိပညာပေးဟောပြောခြင်းအခမ်းအနား(၂၂-၆-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ဒဿနိကဗေဒဌာနမှ ကြီးမှူး၍ ဧည့်သည်တော် ပါမောက္ခဒေါက်တာဆန်းထွန်းက "Philosophical Attitude in Daily Life (နေ့စဉ်ဘ၀ ဒဿနစိတ်ထား)" ခေါင်းစဉ်ဖြင့် စာပေအသိပညာပေးဟောပြောခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၂၂-၆-၂၀၁၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်၍ ဂုဏ်ပြုစကားများပြောကြားခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် ဿနိကဗေဒဌာန(ပါမောက္ခ၊ ဌာနမှူး) ဒေါက်တာအေးအေးမာက ပါမောက္ခဒေါက်တာဆန်းထွန်း၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့ပါသည်။ ၄င်းနောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ပါမောက္ခဒေါက်တာဆန်းထွန်းအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။