Thursday, September 20, 2018

ဧရာဝတီဘဏ်မှ "ဘဏ်နှင့် အာမခံလုပ်ငန်းအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးခြင်း အခမ်းအနား(၂၂-၆-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဧရာဝတီဘဏ်မှ "ဘဏ်နှင့် အာမခံလုပ်ငန်းအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးခြင်း အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၂၂-၆-၂၀၁၈)ရက်နေ့ နံနက်(၁၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ၀န်းထမ်းများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။