Thursday, September 20, 2018

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းသင် ဆရာ၊ ဆရာမများ မေးခွန်းပုံစံသစ် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား(၁၆-၆-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်စီစဉ်ပေးမှုတို့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းသင် ဆရာ၊ ဆရာမများ မေးခွန်းပုံစံသစ် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ်၌ (၁၆-၆-၂၀၁၈)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မိတ္ထီလာတက္ကသိုလ်ရှိ သက်ဆိုင်ရာ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာကြီး၊ ဆရာမကြီးများက ရှင်းလင်းဆွေးနွေးဟောပြောပို့ချခဲ့ကြကြောင်း သိရှိရပါသည်။