Thursday, September 20, 2018

မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်းရှိ လေးကျွန်းထိပ်တင်အောင်သစ္စာဆုတောင်းပြည့်စေတီတော် အနေကဇာတင်မင်္ဂလာ အခမ်းအနား(၁၂-၆-၂၀၁၈)



မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်းရှိ လေးကျွန်းထိပ်တင်အောင်သစ္စာဆုတောင်းပြည့်စေတီတော် အနေကဇာတင်မင်္ဂလာ အခမ်းအနားကို (၁၂-၆-၂၀၁၈)ရက်နေ့တွင် စေတီတော်ရင်ပြင်၌ကျင်းပရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် ဓမ္မာရုံအတွင်း၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်းသူမြတ်တို့အား ဆွမ်းကပ်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ တရားတော်နာယူခြင်း၊ န၀ကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြသည့် လူပုဂ္ဂိုလ်ပရိသတ်တို့အား အာဟာရဒါနအဖြစ် ကြာဇံဟင်းခါးများ ကုသိုလ်ပြုခဲ့ကြပါသည်။ အဆိုပါ အနေကဇာတင်မင်္ဂလာ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်ရှိ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။