မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်
ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ဓာတုဗေဒဌာနမှ ကြီးမှူးကျင်းပသည့်
ဓာတုဗေဒဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် Presentation
Room ၌ (၂၂-၅-၂၀၁၈)ရက်နေ့ နံနက်(၉း၃၀)နာရီတွင်
ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ်
ဒေါက်တာကေသီသင်တို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး
ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာနီနီအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ
အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် အခြားတက္ကသိုလ်၊
ဒီဂရီကောလိပ်များမှ စိတ်ပါဝင်းစားသည့် ဆရာ၊ ဆရာမ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မိတ္ထီလာတက္ကသိုလ်၊
ဓာတုဗေဒဌာနမှ ဒေါက်တာကျော်လွင်(တွဲဖက်ပါမောက္ခ)က သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။