Wednesday, February 27, 2019

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော တရုတ်ဘာသာစကား အခြေခံသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား(၁၇-၂-၂၀၁၉)



မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)နှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော တရုတ်ဘာသာစကား အခြေခံသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၇-၂-၂၀၁၉)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသည့် ဧည့်သည်တော်များက အသီးသီး ဂုဏ်ပြုနှုတ်ဆက်စကားများပြောကြားခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ(၃)ဦးက လည်း ကျေးဇူးတင်စကားများပြောကြားခဲ့ကြပါသည်။ ယင်းနောက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာကေသီသင်နှင့် ဧည့်သည်တော်များက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယကောင်စစ်ဝန်ချုပ် Ms. Li li bei ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာထွန်းအောင်၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ) တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူ၊ ဌာနမှူး(သင်တန်းရေးရာ၊ မိတ္ထီလာတက္ကသိုလ်)၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခင်စောဦး၊ မန္တလေးမြို့ FITC ကွန်ဖြူးရှပ်စင်တာ ကျောင်းအုပ်ချုပ်ရေး နာယကအဖွဲ့ ဥက္ကဋ္ဌ ဦးဖြူဝင်း၊ မန္တလေးမြို့ FITC ကွန်ဖြူးရှပ်စင်တာ ကျောင်းအုပ်ကြီး ဒေါက်တာစက်တီနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။




































“မြန်မာ့စီးပွားရေးနှင့် စတော့အိတ်ချိန်း ဈေးကွက်အလားအလာ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲအခမ်းအနား(၁၆-၂-၂၀၁၉)


ဒေါက်တာမြင့်ဆန်း(ဒုတိယဥက္ကဋ္ဌ-၂၊ ထားဝယ်အထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီ)နှင့် ဦးသက်ထွန်းဦး (အမှုဆောင်အကြီးတန်းမန်နေဂျာ၊ ရန်ကုန်စတော့အိတ်ချိန်း) တို့က မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ (၁၆-၂-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် “မြန်မာ့စီးပွားရေးနှင့် စတော့အိတ်ချိန်း ဈေးကွက်အလားအလာ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ စာပေဟောပြောပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီးနောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့သည့် အကြောင်းအရာအလိုက် ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။