Wednesday, September 19, 2018

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် "ပျော်ရွှင်ဆင်နွှဲရေသဘင်ပွဲ"(၂၉-၃-၂၀၁၈)


မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် "ပျော်ရွှင်ဆင်နွှဲရေသဘင်ပွဲ" ကို (၂၉-၃-၂၀၁၈)ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ရေသဘင်ပွဲကို ပျော်ပျော်ရွှင်ရွှင်စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဆင်နွှဲခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် ရေသဘင်ပွဲသို့ အဆိုတော် ထက်ယံ၊ Oasix နှင့် အဖွဲ့သားများ လာရောက်ဖျော်ဖြေခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းဖြင့် ရေသဘင်ပွဲပြီးဆုံးခဲ့ပါသည်။ မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် "ပျော်ရွှင်ဆင်နွှဲရေသဘင်ပွဲ" ကို (၂၉-၃-၂၀၁၈)ရက်နေ့၊ နံနက်(၈း၃၀)နာရီမှ မွန်းလွဲ(၁း၀၀)နာရီအထိကျင်းပခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံ ဆင်နွှဲနိုင်ရေးအတွက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုတို့ဖြင့် ဒေသအာဏာပိုင်များနှင့်ပူးပေါင်းကာ ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများက လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ပေးခဲ့ကြပြီး အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။