Wednesday, September 19, 2018

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ ပထမပညာသင်ကာလ စာမေးပွဲဆိုင်ရာ ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှုခံယူခြင်း အခမ်းအနား(၁၆-၃-၂၀၁၈)



မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ ပထမပညာသင်ကာလ စာမေးပွဲကို အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို မိတ္ထီလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၆-၃-၂၀၁၈)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် စာမေးပွဲနှင့်ဘွဲ့နှင်းဌာနမှ မော်ကွန်းထိန်းက စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ်္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်းများနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။