Thursday, September 20, 2018

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မန္တလေးဒေသ(ဇုန်အဆင့်)၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ(၂၆-၅-၂၀၁၈)



ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မန္တလေးဒေသ(ဇုန်အဆင့်)၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မန္တလေးတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ (၂၆-၅-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တက်ရောက်အားပေးခဲ့ပါသည်။ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပထမဆုရရှိသည့် ဘောလုံးအသင်းအား ဒိုင်းဆုချီးမြှင့်ပေးအပ်ခဲ့ပြီး မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်ကလည်း ဆုရရှိကြသည့် အားကစားသမားများအား ဆုချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားသို့ မန္တလေးဒေသ(ဇုန်အဆင့်)၀င် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများတက်ရောက်ခဲ့ကြ့ပီး မိတ္ထီလာဒေသ ဘောလုံးအသင်းသည် မန္တလေးဒေသ(ဇုန်အဆင့်)တွင် ဒုတိယဆုရရှိခဲ့ကြောင်း သိရှိရပါသည်။