Wednesday, September 19, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ကင်းထောက်အဖွဲ့၏ သင်တန်းအတွေ့အကြုံရှင်းလင်းခြင်းနှင့် ဟောပြောပွဲ အခမ်းအနား(၂၂-၂-၂၀၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ကင်းထောက်အဖွဲ့၏ သင်တန်းအတွေ့အကြုံရှင်းလင်းခြင်းနှင့် ဟောပြောပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၂၂-၂-၂၀၁၈)ရက်နေ့ မွန်းလွဲ(၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပါသည်။ ကင်းထောက်မောင်မယ်များမှ ကင်းထောက်ကတိသုံးပါး ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ငြိမ်းချမ်းရေးသံတမန်သင်တန်းသို့ တက်ရောက်ခဲ့သော ကင်းထောက်အဖွဲ့ဝင် မောင်မြတ်မင်းစိုး၏ အတွေ့အကြုံရှင်းလင်းခြင်းနှင့် ကင်းထောက်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးအေးမာ(ပါမောက္ခ-ဌာနမှူး၊ ဒဿနိကဗေဒဌာန)က လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ကမ္ဘာ့ကင်းထောက်ဖခင် လော့ဒ်ဘေဒင်ပါဝဲလ်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် "လူတော်လူကောင်း" ခေါင်းစဉ်ဖြင့် ဟောပြောခြင်းတို့ ပြုလုပ်ခဲ့ကြ့ပီး မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် တက်ရောက်လာကြသူများက ကင်းထောက်မောင်မယ်များ ခင်းကျင်းပြသထားသည်တို့ကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။