ပညာရေးဝန်ကြီးဌာန၊
အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဂျပန်နိုင်ငံအစိုးရ၏ 2017-EDU-Port Supported Project
အထောက်အပံ့အစီအစဉ်အရ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ်
ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဂျပန်နိုင်ငံ၊ Gifu University မှ Kazuma
NAKAZAWA သည် ရူပဗေဒဘာသာရပ်ဆိုင်ရာ လက်တွေ့သင်ကြားမှု အရည်အသွေးတိုးတက်ရေးအတွက် မိတ္ထီလာတက္ကသိုလ်၊
ရူပဗေဒဌာနမှ ဆရာ၊ ဆရာမများနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအား မိတ္ထီလာတက္ကသိုလ်၊
ရူပဗေဒဌာန လက်တွေ့ခန်း၌ (၂၅-၆-၁၈)ရက်နေ့မှ (၂၉-၆-၁၈)ရက်နေ့အထိ ဆွေးနွေးပို့ချပေးလျက်ရှိပါသည်။
ဂျပန်နိုင်ငံ Gifu University နှင့် မိတ္ထီလာတက္ကသိုလ်တို့သည် ၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ
ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။