Thursday, September 20, 2018

မိတ္ထီလာဒေသ တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနား(၄-၅-၂၀၁၈)

မိတ္ထီလာဒေသ တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်း၌ (၄-၅-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ ဗိုလ်လုပွဲ၌ ပထမဆုရရှိခဲ့သည့် မိတ္ထီလာတက္ကသိုလ် အမျိုးသားဘောလုံးအသင်းအား မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ဒိုင်းဆုချီးမြှင့်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပထမဆုရ ဘောလုံးအားကစားသမားများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။