Thursday, September 20, 2018

မိတ္ထီလာတက္ကသိုလ်၏ (၄၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား(၁၂-၆-၂၀၁၈)


မိတ္ထီလာတက္ကသိုလ်၏ (၄၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို (၁၂-၆-၂၀၁၈) ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က မိတ္ထီလာတက္ကသိုလ်၏ သမိုင်းအကျဉ်းကို Presentation ဖြင့် ဖတ်ကြားရှင်းလင်းခဲ့ပါသည်။ ၄င်းနောက် ဘာသာရပ်ဌာနများအလိုက် သုတေသနစာတမ်းများကို နံနက်ပိုင်းနှင့်နေ့လယ်ပိုင်း အပိုင်းနှစ်ပိုင်းခွဲကာ စာတမ်းများဖတ်ကြားခဲ့ကြပြီး သိပ္ပံဘာသာရပ်များအနက်မှ ဆုရရှိခဲ့သည့် ဒေါက်တာဝင်းနိုင်(ကထိက၊ ရုက္ခဗေဒဌာန)အား မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်ကလည်းကောင်း၊ ၀ိဇ္ဇာဘာသာရပ်များအနက်မှ ဆုရရှိခဲ့သည့် ဒေါက်တာစိုးစိုးမောင်(တွဲဖက်ပါမောက္ခ၊ ပထ၀ီဝင်ဌာန)အား မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကလည်းကောင်း ဆုအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံခန့်ခွဲရေးဆိုင်ရာဌာနများမှ ဌာနမှူးများ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။