Thursday, September 20, 2018

မိတ္ထီလာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသည့် ဒေါက်တာအရှင်ဥတ္တမာနန္ဒ(PhD၊ သီရိလင်္ကာ)၏ Buddha's Teaching သင်တန်း(၂၈-၆-၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသည့် ဒေါက်တာအရှင်ဥတ္တမာနန္ဒ(PhD၊ သီရိလင်္ကာ)၏ Buddha's Teaching သင်တန်းကို (၂၈-၆-၁၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်တန်းရေးရာဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်ထမ်းများ တရားတော်နာယူကြည်ညိုခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ်မိသားစု၏ လှူဖွယ်ဝတ္ထုအစုစုအတွက် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က သင်္ကန်းနှင့် န၀ကမ္မအလှူငွေများ လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဆရာတော်မှလည်း ဂရုဏာရှေ့ထားဖြေကြားပေးခဲ့ပါသည်။ အခမ်းအနားပြီးနောက် ဆရာတော်နှင့် အာဂန္တုရဟန်းတော်တို့အား နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရှိရပါသည်။


 


 







မိတ္ထီလာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသည့် ဓမ္မဒူတဆရာတော် ပါမောက္ခဒေါက်တာအရှင်ဆေကိန္ဒ၏ Buddha's Teaching သင်တန်း(၂၆-၆-၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသည့် ဓမ္မဒူတဆရာတော် ပါမောက္ခဒေါက်တာအရှင်ဆေကိန္ဒ၏ Buddha's Teaching သင်တန်းကို (၂၆-၆-၁၈)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်တန်းရေးရာဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်ထမ်းများ တရားတော်နာယူကြည်ညိုခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ်မိသားစု၏ လှူဖွယ်ဝတ္ထုအစုစုအတွက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က သင်္ကန်းနှင့် န၀ကမ္မအလှူငွေများ လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဆရာတော်မှလည်း ဂရုဏာရှေ့ထားဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။



























ဂျပန်နိုင်ငံ၊ Gifu University မှ Kazuma NAKAZAWA သည် မိတ္ထီလာတက္ကသိုလ်၊ ရူပဗေဒဌာန လက်တွေ့ခန်း၌ ဆွေးနွေးပို့ချပေးခြင်း


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဂျပန်နိုင်ငံအစိုးရ၏ 2017-EDU-Port Supported Project အထောက်အပံ့အစီအစဉ်အရ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဂျပန်နိုင်ငံ၊ Gifu University မှ Kazuma NAKAZAWA သည် ရူပဗေဒဘာသာရပ်ဆိုင်ရာ လက်တွေ့သင်ကြားမှု အရည်အသွေးတိုးတက်ရေးအတွက် မိတ္ထီလာတက္ကသိုလ်၊ ရူပဗေဒဌာနမှ ဆရာ၊ ဆရာမများနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအား မိတ္ထီလာတက္ကသိုလ်၊ ရူပဗေဒဌာန လက်တွေ့ခန်း၌ (၂၅-၆-၁၈)ရက်နေ့မှ (၂၉-၆-၁၈)ရက်နေ့အထိ ဆွေးနွေးပို့ချပေးလျက်ရှိပါသည်။ ဂျပန်နိုင်ငံ Gifu University နှင့် မိတ္ထီလာတက္ကသိုလ်တို့သည် ၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။










မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်း ခြင်အန္တရာယ်ကင်းဝေးရေးအတွက် ခြင်ဆေးဖျန်းခြင်း(၂၃-၆-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်း ခြင်အန္တရာယ်ကင်းဝေးရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို မိတ္ထီလာခရိုင်ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်းကာ (၂၃-၆-၂၀၁၈)ရက်နေ့တွင် ခြင်ဆေးဖျန်းခဲ့ကြောင်း သိရှိရပါသည်။