Tuesday, November 6, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား(၁-၈-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် အားကစားခန်းမ (၁-၈-၂၀၁၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အားပေးခဲ့ပါသည်။ ထို့နောက် ဒိုင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အမျိုးသမီးအသင်းများဖြစ်သည့် သတ္တဗေဒအသင်း(ပထမဆု)၊ အင်္ဂလိပ်စာအသင်း(ဒုတိယဆု)၊ ဓာတုဗေဒအသင်း(တတိယဆု)နှင့် အမျိုးသားအသင်းများဖြစ်သည့် ရူပဗေဒအသင်း(ပထမဆု)၊ အရှေ့တိုင်းပညာအသင်း(ဒုတိယဆု)၊ သင်္ချာအသင်း(တတိယဆု) စသည့် ပြိုင်ပွဲဝင် အသင်းသူ၊ အသင်းသားများအား ပါမောက္ခ(ဌာနမှူး)များက ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။ ယင်းနောက် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပထမဆုရရှိခဲ့ကြသည့် သတ္တဗေဒအသင်း(အမျိုးသမီး)နှင့် ရူပဗေဒအသင်း(အမျိုးသား)တို့အား တံခွန်စိုက်ဒိုင်းဆုကို ချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။