Wednesday, November 28, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး(၁၈-၉-၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယပညာသင်ကာလ စာမေးပွဲကို အေးအေးချမ်းချမ်းအောင်အောင်မြင်မြင်ချောချောမွေ့မွေ့ ကျင်းပနိုင်ရေးအတွက် (၁၈-၉-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့နှင့်အတူ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ မော်ကွန်းထိန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာဖြေခန်းများ အတွင်းအပြင်နှင့် စာဖြေဆောင်ပတ်ဝန်းကျင်များ သန့်ရှင်းသာယာရေးနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်နေစေရေးတို့အတွက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဒုတိယပညာသင်ကာလ စာမေးပွဲကို (၂၀-၉-၂၀၁၈) ရက်နေ့မှ (၂၇-၉-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။