Thursday, July 28, 2016

The Concept of Freedom in Contemporary Some Myanmar Poem ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲအခမ်းအနား


မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေး၏ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ဒဿနိဗေဒဌာနမှကြီးမှူး၍ “The Concept of Freedom in Contemporary Some Myanmar Poem” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲအခမ်းအနားကို (၂၈-၇-၂၀၁၆)ရက်နေ့တွင် ကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြား ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်ရှိ သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများနှင့် ၀န်ထမ်းများတက်ရောက်ခဲ့ကြပြီး သိလိုသည်များကို အပြန်အလှန်မေးမြန်းဖြေကြားခဲ့ကြပါသည်။














Wednesday, July 20, 2016

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ အကြိုဟောပြောပွဲ



မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ အကြိုဟောပြောပွဲကို (၆-၆-၂၀၁၆) ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မိတ္ထီလာတက္ကသိုလ်ရှိ သင်ကြားရေးဘာသာရပ်ဆိုင်ရာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။













မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ဘာသာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားစဉ်


မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ဘာသာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားစဉ်။






မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား


၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်တို့က ဆုအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့အတူ သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များကလည်း ဆုများကို ချီးမြှင့်ပေးခဲ့ကြပါသည်။ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကလည်း ပျော်ရွှင်စွာဖြင့် အားပေးခဲ့ကြပါသည်။