Wednesday, October 31, 2018

မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနား(၁၃-၇-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို (၁၃-၇-၂၀၁၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ခံပါမောက္ခချုပ်က ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။











အပင်အမည်ဆိုင်းဘုတ်တပ်ဆင်ခြင်းနှင့် ပရဆေးဥယျာဉ်ဖွင့်ပွဲ အခမ်းအနား(၁၃-၇-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးကော်မတီမှ ကြီးမှူးကျင်းပသော အပင်အမည်ဆိုင်းဘုတ်တပ်ဆင်ခြင်းနှင့် ရုက္ခဗေဒဌာနမှ ကြီးမှူးကျင်းပသော ပရဆေးဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို (၁၃-၇-၂၀၁၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်းရှိ ပရဆေးဥယျာဉ်၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့က အမှာစကားများပြောကြားခြင်း၊ ရုက္ခဗေဒဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာသန္တာက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ပရဆေးပင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါက်တာကျော်လွင်တို့က အပင်အမည်များကို ဆိုင်းဘုတ်တပ်ဆင်ပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးနှင့်အတူ ပရဆေးဥယျာဉ်အတွင် လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ မော်ကွန်းထိန်း၊ လ/ထမော်ကွန်းထိန်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။




















မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း အသင်းသူ၊ အသင်းသားများ ပထမအကြိမ်တွေ့ဆုံပွဲ အခမ်းအနား(၁၂-၇-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းကကြီးမှူး၍ မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း အသင်းသူ၊ အသင်းသားများ ပထမအကြိမ်တွေ့ဆုံပွဲ အခမ်းအနားကို (၁၂-၇-၂၀၁၈)ရက်နေ့ ညနေ(၄း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်အမှာစကားများပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။









မိတ္ထီလာတက္ကသိုလ် ရုက္ခဗေဒဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၁၂-၇-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒေါက်တာနီလာချို(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "Taxonomic Study on Wild Mushrooms from Meiktila, Popa and Yinmabin Areas in Mandalay Region" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၁၂-၇-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။