Wednesday, November 28, 2018

မိတ္ထီလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၌ ဒေါက်တာသိန်းထွန်းက အသိပညာပေးခြင်းအခမ်းအနား(၁၃-၁၁-၂၀၁၈)



မိတ္ထီလာတက္ကသိုလ် အရှေ့တိုင်းပညာဌာန၌ ဒေါက်တာသိန်းထွန်းက "မြန်မာဘာသာစကား၏ သိမ်မွေ့မှုများ(သဒ္ဒါ၊ ဗျည်း၊ သရနှင့် ဆန်းတို့၏ အသံစနစ်နှင့် အက္ခရာအရေး)" ခေါင်းစဉ်ဖြင့် အသိပညာပေးခြင်းအခမ်းအနားကို (၁၃-၁၁-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များနှင့် စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။







၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား(၁-၁၀-၂၀၁၈)


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာတက္ကသိုလ်၊ ၀န်ဇင်းခန်းမ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁-၁၀-၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်ပြီး ဆရာများ၏ ဂုဏ်ကျေးဇူးများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။ ၄င်းနောက် ဒေါက်တာတင်မိမိနိုင်(တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ မိတ္ထီလာတက္ကသိုလ်)နှင့် ဒေါက်တာအေးအေးမာ(ပါမောက္ခ-ဌာနမှူး၊ ဿနိကဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)တို့က ဆရာများ၏ ဂုဏ်ကျေးဇူးကိုဖော်ညွှန်းသည့် စာတမ်းများဖတ်ကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများနှင့် စီမံအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။










မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ ဒုတိယပညာသင်ကာလ စာမေးပွဲကို အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှုခံယူခြင်း အခမ်းအနား(၁၈-၉-၂၀၁၈)



မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ ဒုတိယပညာသင်ကာလ စာမေးပွဲကို အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို မိတ္ထီလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၈-၉-၂၀၁၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် ဌာနမှူး(သင်တန်းရေးရာ)က စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ်္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်းနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။







၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး(၁၈-၉-၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယပညာသင်ကာလ စာမေးပွဲကို အေးအေးချမ်းချမ်းအောင်အောင်မြင်မြင်ချောချောမွေ့မွေ့ ကျင်းပနိုင်ရေးအတွက် (၁၈-၉-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့နှင့်အတူ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ မော်ကွန်းထိန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာဖြေခန်းများ အတွင်းအပြင်နှင့် စာဖြေဆောင်ပတ်ဝန်းကျင်များ သန့်ရှင်းသာယာရေးနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်နေစေရေးတို့အတွက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဒုတိယပညာသင်ကာလ စာမေးပွဲကို (၂၀-၉-၂၀၁၈) ရက်နေ့မှ (၂၇-၉-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။