Wednesday, November 28, 2018

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား(၁-၁၀-၂၀၁၈)


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာတက္ကသိုလ်၊ ၀န်ဇင်းခန်းမ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁-၁၀-၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်ပြီး ဆရာများ၏ ဂုဏ်ကျေးဇူးများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။ ၄င်းနောက် ဒေါက်တာတင်မိမိနိုင်(တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ မိတ္ထီလာတက္ကသိုလ်)နှင့် ဒေါက်တာအေးအေးမာ(ပါမောက္ခ-ဌာနမှူး၊ ဿနိကဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)တို့က ဆရာများ၏ ဂုဏ်ကျေးဇူးကိုဖော်ညွှန်းသည့် စာတမ်းများဖတ်ကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများနှင့် စီမံအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။