Friday, August 31, 2018

မိတ္ထီလာတက္ကသိုလ် မြန်မာစာဌာနမှ ဒေါက်တာတင်မိမိနိုင်(တွဲဖက်ပါမောက္ခ)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၂၂-၂-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် မြန်မာစာဌာနမှ ဒေါက်တာတင်မိမိနိုင်(တွဲဖက်ပါမောက္ခ)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ထင်လင်း၏ တက္ကသိုလ်နောက်ခံ ၀တ္ထုတိုများမှ ၀တ္ထုတိုဖန်တီးမှု အနုပညာ" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၂၂-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။















မိတ္ထီလာတက္ကသိုလ် ကင်းထောက်လူငယ်အဖွဲ့၏ အလှူဒါန


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ကင်းထောက်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးအေးမာ၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာဆွေဆွေဝင်းတို့ ဦးဆောင်ကြီးကြပ်လိုက်ပါ၍ မိတ္ထီလာတက္ကသိုလ် ကင်းထောက်လူငယ် (၈၀)ဦးနှင့် ဆရာ၊ ဆရာ၊ ဆရာမ(၁၈)ဦးတို့သည် မိတ္ထီလာမြို့နယ်၊ တောမ၊ ညောင်ကိုင်းလူငယ်ပရဟိတကျောင်းသို့ သွားရောက်ပြီး ဘုရားများရေသပ္ပာယ်ခြင်း၊ ပန်းကပ်လှူခြင်း၊ ကျောင်းပတ်ဝန်းကျင်များ၊ အိပ်ဆောင်များ သန့်ရှင်းရေးပြုလုပ်ခြင်း၊ လူငယ်များ၏ အ၀တ်အစားများ၊ စောင်များ လျှော်ဖွတ်ပေးခြင်း၊ စိတ်ဓာတ်ခွန်အားဖြည့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကလေးများအား လက်သည်းခြေသည်း ညှပ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ပရဟိတကျောင်း အုပ်ချုပ်ရေးမှူးထံသို့ ဆန်အိတ်(၅)အိတ်၊ ဆီ(၁)ပုံး၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက်၊ ပဲနို့များ၊ အာဟာရဖြည့်မုန့်မျိုးစုံ စုစုပေါင်းတန်ဖိုး(၃)သိန်းကျော် လှူးဒါန်ခဲ့ကြကြောင်း သိရှိရပါသည်။




























"အမျိုးသမီးကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနား(၂၀-၂-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူလေးများ ကျန်းမာရေးအသိပညာဗဟုသုတတိုးပွားစေရန်အတွက် "အမျိုးသမီးကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၂၀-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး) ဆရာမကြီးများ၊ ဆရာမများ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။









Science and Technology Fair 2018 (၁၅-၂-၂၀၁၈ မှ ၁၆-၂-၂၀၁၈ အထိ)


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သိပ္ပံနှင့်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု၊ သုတေသန၊ Project ဆောင်ရွက်မှုများကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ သုတေသန၊ Project ပြပွဲ၊ ပြိုင်ပွဲများဖြစ်သည့် Science and Technology Fair 2018 အား (၁၅-၂-၂၀၁၈ မှ ၁၆-၂-၂၀၁၈)ရက်နေ့အထိ နေပြည်တော်၊ MICC-II ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်မှ ဘွဲ့လွန်သုတေသန(၁)ခုနှင့် ဘွဲ့ကြို Project (၅)ခု ၀င်ရောက်ပြသခဲ့ပါသည်။ အဆိုပါ ပြပွဲ၊ ပြိုင်ပွဲတွင် မိတ္ထီလာတက္ကသိုလ်မှ Life Sciences ဘွဲ့လွန်သုတေသနတွင် ပထမဆု၊ ဓာတုဗေဒ ဘွဲ့ကြို Project တွင် ဒုတိယဆု၊ သင်္ချာ ဘွဲ့ကြို Project တွင် တတိယဆုတို့ အသီးသီးရရှိခဲ့ပြီး အထက်မြန်မာပြည်တက္ကသိုလ်များတွင် ဆုအရေအတွက်အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။