Wednesday, February 21, 2018

သမိုင်းဌာနမှ ဒေါက်တာမြမြအေး(တွဲဖက်ပါမောက္ခ)က "ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံးတွင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ(၁၉၄၂-၁၉၄၅)" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၃-၁-၂၀၁၈)



မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် သမိုင်းဌာနမှ ဒေါက်တာမြမြအေး(တွဲဖက်ပါမောက္ခ)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံးတွင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ(၁၉၄၂-၁၉၄၅)" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၃-၁-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။









မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာဇော်လင်းကျော်(ကထိက)နှင့် ရူပဗေဒဌာနမှ ဒေါက်တာအေးစန္ဒာဦး(သရုပ်ပြ)တို့မှ ဂျပန်နိုင်ငံ Tokyo University နှင့် Gifu University တို့သို့ သွားရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား(၂၁-၁၂-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာဇော်လင်းကျော်(ကထိက)နှင့် ရူပဗေဒဌာနမှ ဒေါက်တာအေးစန္ဒာဦး(သရုပ်ပြ)တို့မှ ဂျပန်နိုင်ငံ Tokyo University နှင့် Gifu University တို့သို့ သုတေသနနှင့် လေ့လာရေး အစီအစဉ်များ သွားရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို  မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၂၁-၁၂-၂၀၁၇)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
 
 













 

မိတ္ထီလာတက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ ဒေါ်မြသက်ဦး(လ/ထကထိက)က "ဥပုသ်အမျိုးမျိုးနှင့် ဥပုသ်စောင့်ခြင်းအဓိပ္ပာယ်" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၂၁-၁၂-၂၀၁၇)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ ဒေါ်မြသက်ဦး(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ဥပုသ်အမျိုးမျိုးနှင့် ဥပုသ်စောင့်ခြင်းအဓိပ္ပာယ်" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ(၂၁-၁၂-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။










မိတ္ထီလာတက္ကသိုလ်၊ (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်းနှင့် အစီအစဉ်


မိတ္ထီလာတက္ကသိုလ်၊ (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူခြင်းနှင့် အစီအစဉ်