Tuesday, November 6, 2018

မိတ္ထီလာတက္ကသိုလ် ၂၀၁၇ ခုနှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များ၊ သုတေသနစာတမ်းရှင်များနှင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဆရာ၊ ဆရာမ၊ ၀န်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြု ခြင်းအခမ်းအနား(၁၂-၇-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် ၂၀၁၇ ခုနှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များ၊ သုတေသနစာတမ်းရှင်များနှင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဆရာ၊ ဆရာမ၊ ၀န်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြု ခြင်းအခမ်းအနားကို (၁၂-၇-၂၀၁၈)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ ချီးကျူးဂုဏ်ပြုစကားများပြောကြားခဲ့ပါသည်။ ယင်းနောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များက ၂၀၁၇ ခုနှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များ၊ သုတေသနစာတမ်းရှင်များနှင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဆုများချီးမြှင့်ပေးခဲ့ကြပါသည်။ အဆိုပါ ဂုဏ်ပြုအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာမူရှင် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။