Tuesday, November 27, 2018

မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းမှကြီးမှူးကျင်းပပြုလုပ်သည့် “ဂီတပဒေသာပွဲတော်နှင့် သီချင်းဆိုပြိုင်ပွဲ” အခမ်းအနား(၁၅-၈-၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းမှကြီးမှူးကျင်းပပြုလုပ်သည့် “ဂီတပဒေသာပွဲတော်နှင့် သီချင်းဆိုပြိုင်ပွဲ” အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ (၁၅-၈-၁၈)ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် သီချင်းဆိုပြိုင်ပွဲနှင့် ဂီတပဒေသာပွဲကို အစီအစဉ်များအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ဆက်လက်ကျင်းပခဲ့ပါသည်။ ထို့နောက် နှစ်သိမ့်ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်ပေးဒိုင်များအား မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆွေဆွေဝင်း(ပါမောက္ခ၊ သမိုင်းဌာန)ကလည်းကောင်း၊ ဒုတိဆုနှင့် တတိယဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ဒိုင်ချုပ်များနှင့် အကနှင့်အသံပိုင်းဆိုင်ရာတို့တွင် ကူညီဆောင်ဆောင်ရွက်ပေးခဲ့ကြသည့် အသိပညာရှင်၊ အတတ်ပညာရှင်တို့အား မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)ကလည်းကောင်း ဂုဏ်ပြုဆုနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ပထမဆုရရှိခဲ့သည့် ဓာတုဗေဒဘာသာရပ် ကိုယ်စားပြု ပြိုင်ပွဲဝင်နံပါတ်(၂) မောင်ဥာဏ်လင်းခန့်အား ဆုချီးမြှင့်ပေးခဲ့ပါသည်။ သီချင်းဆိုပြိုင်ပွဲ ပထမအဆင့်​(Level 1)တွင်​ဘာသာရပ်​ဌာန(၁၂)ခုမှ ကိုယ်​စားပြုပြိုင်​ပွဲဝင်​ ​ကျောင်းသား၊ ​ကျောင်းသူ(၁၂)ဦး ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြပြီး ယင်းတို့အနက်​မှ ဒုတိယအဆင့်​(Level 2)သို့ တက်​​ရောက်​ခဲ့ကြသည့်​ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့အား ပထမဆု(၇-သိန်းကျော်)၊ ဒုတိယဆု(၅-သိန်းကျော်)၊ တတိယဆု(၃သိန်းကျော်)နှင့် ကျန်ပြိုင်ပွဲဝင်(၃)ဦးတို့အတွက် နှစ်သိမ့်ဆု(၁-သိန်း ၈-သောင်းကျော်)စီကို တစ်ဦးချင်းစီအတွက်​ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ သီချင်းဆိုပြိုင်ပွဲတွင် ဓာတုဗေဒဘာသာရပ်ကိုယ်စားပြု ပြိုင်ပွဲဝင်နံပါတ်(၂) မောင်ဥာဏ်လင်းခန့်က ပထမဆု၊ သတ္တဗေဒဘာသာရပ်ကိုယ်စားပြု ပြိုင်ပွဲဝင်နံပါတ်(၇) မသန်းသန်းဌေးက ဒုတိယဆုနှင့် ရူပဗေဒဘာသာရပ်ကိုယ်စားပြု ပြိုင်ပွဲဝင်နံပါတ်(၆) မောင်ချမ်းငြိမ်းက တတိယဆုတို့ ရရှိခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။