Monday, November 26, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းမှကြီးမှူးကျင်းပပြုလုပ်သည့် "အခြေခံကဗျာလွတ် အကသင်တန်း" သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား(၈-၈-၁၈)



မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းမှကြီးမှူးကျင်းပပြုလုပ်သည့် “အခြေခံကဗျာလွတ် အကသင်တန်း” သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် အားကစားခန်းမ၌ (၈-၈-၁၈)ရက်နေ့ ညနေ(၄း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က သင်တန်းသား၊ သင်တန်းသူများအတွက် အထူးပြုဘာသာရပ်အလိုက် သင်တန်းဆင်းလက်မှတ်များအပ်နှင်းခဲ့ပြီး ပထမဆုရရှိသည့် အဖွဲ့(၅)အား ဆုချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဆုနှင့် တတိယဆုရရှိခဲ့ကြသည့် အဖွဲ့(၁)နှင့် အဖွဲ့(၃)တို့အား မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိခဲ့ကြသည့် အဖွဲ့(၂)နှင့် အဖွဲ့(၄)တို့အား မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆွေဆွေဝင်း(ပါမောက္ခ၊ သမိုင်းဌာန)ကလည်းကောင်း ဆုအသီးသီးချီးမြှင့်ပေးခဲ့ပါသည်။ ယင်းနောက် မိတ္ထီလာတက္ကသိုလ် အနုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)က အကနည်းပြ ဒေါ်အဲမွန်သွင်အား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပထမဆုရရှိခဲ့သည့် အဖွဲ့(၅)က အခြေခံကဗျာလွတ်အကဖြင့် ဦးစွာတင်ဆက်ကပြခဲ့ပြီးနောက် ပြိုင်ပွဲဝင်အဖွဲ့(၅)ဖွဲ့ပေါင်း၍ ဆက်လက်၍ကပြခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။