Wednesday, November 28, 2018

လေးကျွန်းထိပ်တင်အောင်သစ္စာဆုတောင်းပြည့်စေတီတော် အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား(၂၆-၈-၂၀၁၈)


မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်းရှိ လေးကျွန်းထိပ်တင်အောင်သစ္စာဆုတောင်းပြည့်စေတီတော် အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို (၂၆-၈-၂၀၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။