Monday, November 26, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းမှကြီးမှူးကျင်းပပြုလုပ်သည့် အခြေခံကဗျာလွတ် အကပြိုင်ပွဲ အခမ်းအနား(၇-၈-၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် အနုပညာအသင်းမှကြီးမှူးကျင်းပပြုလုပ်သည့် အခြေခံကဗျာလွတ် အကပြိုင်ပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၇-၈-၁၈)ရက်နေ့ ညနေ(၄း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် အသင်းငါးသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မိတ္ထီလာတက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။