Thursday, December 27, 2018

မိတ္ထီလာတက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒေါ်သက်သက်ဝေ(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၂၇-၁၂-၂၀၁၈)


ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများအတွက် ဗဟုသုတအတွေးအခေါ်အသိအမြင်တိုးတတ်စေရန် ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများကို မိတ္ထီလာတက္ကသိုလ်တွင် အစဉ်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ မိတ္ထီလာတက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒေါ်သက်သက်ဝေ(လ/ထကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "Isolation of Soil Fungi and Fermentation Conditions of Selected Fungus TW-14" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၂၇-၁၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းခြင်း၊ စာတမ်းရှင်မှ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

 














Wednesday, December 26, 2018

မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား(၂၆-၁၂-၂၀၁၈)



မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၆-၁၂-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူး(သင်တန်းရေးရာ)နှင့် မော်ကွန်းထိန်း၊ မိတ္ထီလာတက္ကသိုလ် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များနှင့် ဌာနမှူး(သင်တန်းရေးရာ)တို့ကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပါသည်။ မိတ္ထီလာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
















Friday, December 21, 2018

မိတ္ထီလာတက္ကသိုလ် မြန်မာစာဌာနမှ ဒေါက်တာတင်လေးနွယ်(ကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၂၀-၁၂-၂၀၁၈)


ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများအတွက် ဗဟုသုတအတွေးအခေါ်အသိအမြင်တိုးတတ်စေရန် ရည်ရွယ်၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများကို မိတ္ထီလာတက္ကသိုလ်တွင် အစဉ်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ မိတ္ထီလာတက္ကသိုလ် မြန်မာစာဌာနမှ ဒေါက်တာတင်လေးနွယ်(ကထိက)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ဘုတလင်ချစ်လေး၏ ကဗျာများတွင် ထင်ဟပ်နေသော စာဆို၏စေတနာ လေ့လာချက်" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၂၀-၁၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းခြင်း၊ စာတမ်းရှင်မှ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။