Wednesday, November 28, 2018

မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ ဒုတိယပညာသင်ကာလ စာမေးပွဲကို အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှုခံယူခြင်း အခမ်းအနား(၁၈-၉-၂၀၁၈)



မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ ဒုတိယပညာသင်ကာလ စာမေးပွဲကို အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို မိတ္ထီလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၈-၉-၂၀၁၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် ဌာနမှူး(သင်တန်းရေးရာ)က စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ်္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်းနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။