Monday, October 29, 2018

မိတ္ထီလာတက္ကသိုလ်၊ ရူပဗေဒဌာန “Training on PIC & Ardurino Microcontroller Programming” သင်တန်း


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရူပဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာလှလှသန်းနှင့် ပါမောက္ခ ဒေါက်တာကျော်ကျော်ဝင်းတို့က စီစဉ်ဆောင်ရွက်၍ “Training on PIC & Ardurino Microcontroller Programming” သင်တန်းကို ဆရာကြီး ဦးရွှေသန်း(၀င်းထက်ဝင်း)နှင့် ဆရာမကြီး ဒေါ်သီတာတို့က မိတ္ထီလာတက္ကသိုလ် ရူပဗေဒဌာန၊ Electronics လက်တွေ့ခန်းတွင် ရူပဗေဒဌာနမှ ဆရာ၊ ဆရာမများ၊ MSc Thesis(Electronics) ကျောင်းသား၊ ကျောင်းသူများ၊ Electronics နှင့် Project ပြုလုပ်နေသော BSc(Hons:) ကျောင်းသား၊ ကျောင်းသူများကို (၁၁-၇-၁၈ မှ ၁၃-၇-၁၈) ရက်နေ့အထိ နေ့စဉ် နံနက်(၉း၀၀)နာရီမှ ညနေ(၄း၃၀)နာရီအထိ လက်တွေ့ပစ္စည်းများအသုံးပြု၍ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။