Wednesday, October 31, 2018

အတွေ့အကြုံရှင်းလင်းခြင်းအခမ်းအနား(၁၁-၇-၂၀၁၈)


ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပခဲ့သော Leading Higher Education Transformation in Myanmar, 1st National Conference နှင့် ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့သော 5th Higher Education Leadership Program သင်တန်းတက်ရောက်ခဲ့ကြသည့် ဒေါက်တာအေးအေးမာ(ပါမောက္ခ-ဌာနမှူး၊ ဒဿနိကဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)၊ ဒေါက်တာနီနီအောင်(ပါမောက္ခ-ဌာနမှူး၊ ဓာတုဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)၊ ဒေါက်တာဝင်းညွန့်(ပါမောက္ခ၊ ဒဿနိကဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)တို့က အတွေ့အကြုံရှင်းလင်းခြင်းအခမ်းအနားကို (၁၁-၇-၂၀၁၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် Presentation Room ၌ ကျင်းပရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က အမှာစကားပြောကြားခြင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများက သင်တန်းအတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)နှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။