Monday, October 29, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား(၄-၇-၂၀၁၈)

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် အားကစားခန်းမ၌ (၄-၇-၂၀၁၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်အားပေးခဲ့ကြပါသည်။ ထို့နောက် ပထမဆုရရှိသည့် အရှေ့တိုင်းပညာအသင်းအား တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း၊ ပထမဆုရရှိသည့် အရှေ့တိုင်းပညာအသင်း အားကစားသမားများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဓာတုဗေဒအသင်းအား ဒေါက်တာလှလှသန်း(ပါမောက္ခ-ဌာနမှူး၊ ရူပဗေဒဌာန)က ဆုတံဆိပ်များကိုလည်းကောင်း၊ တတိယဆုရရှိသည့် ဘူမိဗေဒအသင်းအား ဒေါက်တာနီနီအောင်(ပါမောက္ခ-ဌာနမှူး၊ ဓာတုဗေဒဌာန)က ဆုတံဆိပ်များကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။