Monday, October 29, 2018

မိတ္ထီလာတက္ကသိုလ် ကြက်ခြေနီအသင်းက ကြီးမှူးဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ/ဆင့်ပွား)(၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား(၆-၇-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ကြက်ခြေနီအသင်းက ကြီးမှူးဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ/ဆင့်ပွား)(၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၆-၇-၂၀၁၈)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မိတ္ထီလာခရိုင်ကြက်ခြေနီအဖွဲ့ ခရိုင်တပ်ဖွဲ့မှူး ဦးနေဦးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် မိတ္ထီလာတက္ကသိုလ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာစန်းစန်းဝေ(ပါမောက္ခ-ဌာနမှူး၊ သင်္ချာဌာန)က ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အရာရှိများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။