Wednesday, October 31, 2018

အပင်အမည်ဆိုင်းဘုတ်တပ်ဆင်ခြင်းနှင့် ပရဆေးဥယျာဉ်ဖွင့်ပွဲ အခမ်းအနား(၁၃-၇-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးကော်မတီမှ ကြီးမှူးကျင်းပသော အပင်အမည်ဆိုင်းဘုတ်တပ်ဆင်ခြင်းနှင့် ရုက္ခဗေဒဌာနမှ ကြီးမှူးကျင်းပသော ပရဆေးဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို (၁၃-၇-၂၀၁၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်းရှိ ပရဆေးဥယျာဉ်၌ ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့က အမှာစကားများပြောကြားခြင်း၊ ရုက္ခဗေဒဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာသန္တာက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ပရဆေးပင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါက်တာကျော်လွင်တို့က အပင်အမည်များကို ဆိုင်းဘုတ်တပ်ဆင်ပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးနှင့်အတူ ပရဆေးဥယျာဉ်အတွင် လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ မော်ကွန်းထိန်း၊ လ/ထမော်ကွန်းထိန်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။