Monday, October 8, 2018

"English, Research and Presentation" သင်တန်း

မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကဦးစီး၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဒုတိယပညာသင်ကာလ၊ မိတ္ထီလာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော မဟာဒုတိယနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများအား "English, Research and Presentation" ခေါင်းစဉ်ဖြင့် ပညာရည်တိုးတက်ပြည့်ဝစေရန်ရည်ရွယ်လျက် အပတ်စဉ် သောကြာနေ့တိုင်း မွန်းလွဲ(၁း၀၀) မှ (၃း၀၀)နာရီအထိ သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။