Wednesday, October 31, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား(၁၁-၇-၂၀၁၈)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် အားကစားခန်းမ၌ (၁၁-၇-၂၀၁၈)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကြမည့် အသင်းသားများအား ပါမောက္ခ(ဌာနမှူး)များနှင့်အတူ လိုက်လံနှုတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် စားပွဲတင်တင်းနစ်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် သင်္ချာအသင်း၊ ဒုတိယဆုရရှိသည့် သတ္တဗေဒအသင်းနှင့် တတိယဆုရရှိသည့် ရူပဗေဒအသင်းတို့အား စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်မင်းသိန်း(ပါမောက္ခ-ဌာနမှူး၊ ဘူမိဗေဒဌာန)က ဆုချီးမြှင့်ခြင်း၊ စားပွဲတင်တင်းနစ်အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရူပဗေဒအသင်းအား အားကစားနှင့်ပညာပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနီနီအောင်(ပါမောက္ခ-ဌာနမှူး၊ ဓာတုဗေဒဌာန)က ဆုချီးမြှင့်ခြင်း၊ စားပွဲတင်တင်းနစ်အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဘူမိဗေဒအသင်းအား အားကစားနှင့်ပညာပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလှလှသန်း(ပါမောက္ခ-ဌာနမှူး၊ ရူပဗေဒဌာန)က ဆုချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် စားပွဲတင်တင်းနစ်အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အင်္ဂလိပ်စာအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ဆုချီးမြှင့်ပေးခဲ့ပြီး စားပွဲတင်တင်းနစ်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် သင်္ချာအသင်းနှင့် စားပွဲတင်တင်းနစ်အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အင်္ဂလိပ်စာအသင်းတို့အား   တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က တံခွန်စိုက်ဒိုင်းဆု ချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။