Wednesday, October 31, 2018

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် မိတ္ထီလာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ တွေ့ဆုံခြင်းအခမ်းအနား(၁၁-၇-၂၀၁၈)


အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် မိတ္ထီလာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ တွေ့ဆုံခြင်းအခမ်းအနားကို (၁၁-၇-၂၀၁၈)ရက်နေ့ ညနေ(၄း၀၀)နာရီတွင် မိတ္ထီလာတက္ကသိုလ် Presentation Room ၌ ကျင်းပရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းကြပြီး ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)နှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။