Wednesday, February 21, 2018

မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာဇော်လင်းကျော်(ကထိက)နှင့် ရူပဗေဒဌာနမှ ဒေါက်တာအေးစန္ဒာဦး(သရုပ်ပြ)တို့မှ ဂျပန်နိုင်ငံ Tokyo University နှင့် Gifu University တို့သို့ သွားရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား(၂၁-၁၂-၂၀၁၇)

မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာဇော်လင်းကျော်(ကထိက)နှင့် ရူပဗေဒဌာနမှ ဒေါက်တာအေးစန္ဒာဦး(သရုပ်ပြ)တို့မှ ဂျပန်နိုင်ငံ Tokyo University နှင့် Gifu University တို့သို့ သုတေသနနှင့် လေ့လာရေး အစီအစဉ်များ သွားရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို  မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ (၂၁-၁၂-၂၀၁၇)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။