Wednesday, February 21, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား(၂၀-၁၂-၂၀၁၇)


၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၀-၁၂-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ သင်ကြားရေးဌာနများမှ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးနှင့် မော်ကွန်းထိန်းများ၊ မိတ္ထီလာတက္ကသိုလ် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ် သင်ကြားရေးဌာနများမှ ဌာနမှူးများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။ ၄င်းနောက် မိတ္ထီလာတက္ကသိုလ် ကျောင်းသားရေးရာဌာန မော်ကွန်းထိန်းကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ မိတ္ထီလာတက္ကသိုလ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။