Wednesday, February 21, 2018

မိတ္ထီလာတက္ကသိုလ်သို့ ပြောင်းရွှေ့လာသည့် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်အား ကြိုဆိုပွဲအခမ်းအနား(၁၁-၁၂-၂၀၁၇)

မိတ္ထီလာတက္ကသိုလ်သို့ ပြောင်းရွှေ့လာသည့် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်အား ကြိုဆိုပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၁-၁၂-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့မှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပါသည်။