Wednesday, February 21, 2018

ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား(၁၆-၁၂-၂၀၁၇)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုတို့ဖြင့် မိတ္ထီလာတက္ကသိုလ်၊ သင်္ချာဌာန၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် သင်္ချာဌာနတွင် (၁၆-၁၂-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် သင်တန်းပို့ချမည့် ဆရာကြီး ဒေါက်တာမြင့်ဆွေ(ပါမောက္ခချုပ်-ငြိမ်း)တို့က အမှာစကားများပြောကြားခဲ့ပြီး မိတ္ထီလာတက္ကသိုလ် သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန်းစန်းဝေကလည်း ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမြင့်ဆွေ(ပါမောက္ခချုပ်-ငြိမ်း)က သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသို့ မိတ္ထီလာတက္ကသိုလ် သင်္ချာဌာနမှ ဆရာ၊ ဆရာမများ၊ အခြားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများလည်း တက်ရောက်သင်ယူခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ (၁၆-၁၂-၂၀၁၇) ရက်နေ့မှ (၁၈-၁၂-၂၀၁၇)ရက်နေ့အထိဖြစ်ကြောင်း သိရှိရပါသည်။