Wednesday, February 21, 2018

မိတ္ထီလာတက္ကသိုလ် ကင်းထောက်မောင်မယ်များ အမှိုက်ရှင်းလင်းခြင်း(၁၃-၁၂-၂၀၁၇)


မိတ္ထီလာတက္ကသိုလ် ကင်းထောက်မောင်မယ်များနှင့်အတူ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ အရာရှိများအားလုံးပူးပေါင်းပါဝင်မိတ္ထီလာတက္ကသိုလ်နှင့် ပတ်ဝန်းကျင်၌ သန့်ရှင်းသာယာရေး၊ အမှိုက်ကင်းစင်ရေးတို့အတွက် အမှိုက်ရှင်းလင်းခြင်းလုပ်ငန်းများကို (၁၃-၁၂-၂၀၁၇)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းနောက် ကင်းထောက်မောင်မယ်များအား အအေးဗူးနှင့်မုန့်များကျွေးမွေးခဲ့ကြပါသည်။