Wednesday, February 21, 2018

သမိုင်းဌာနမှ ဒေါက်တာမြမြအေး(တွဲဖက်ပါမောက္ခ)က "ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံးတွင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ(၁၉၄၂-၁၉၄၅)" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၃-၁-၂၀၁၈)



မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် သမိုင်းဌာနမှ ဒေါက်တာမြမြအေး(တွဲဖက်ပါမောက္ခ)က ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံးတွင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ(၁၉၄၂-၁၉၄၅)" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၃-၁-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အမေး၊ အဖြေများ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။