Wednesday, February 21, 2018

English, Research and Presentation သင်တန်း(၁၅-၁၂-၂၀၁၇)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကဦးစီး၍ မိတ္ထီလာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော မဟာဒုတိယနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများအား "English, Research and Presentation" ခေါင်းစဉ်ဖြင့် ပညာရည်တိုးတက်ပြည့်ဝစေရန်ရည်ရွယ်လျက် (၁၅-၁၂-၂၀၁၇)ရက်နေ့၊ သောကြာနေ့မှ စတင်၍ အပတ်စဉ် သောကြာနေ့တိုင်း သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါသင်တန်းတွင် မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်နွယ်နွယ်ဝေက အင်္ဂလိပ်စာသင်ကြားပေးမှာဖြစ်ပြီး မိတ္ထီလာတက္ကသိုလ်၊ မဟာဒုတိယနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၇)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရှိရပါသည်။