Monday, August 6, 2018

မိတ္ထီလာတက္ကသိုလ် ဘွဲ့ကြို/ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ၏ သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနနှင့် Project ပြပွဲ၊ ပြိုင်ပွဲ(တက္ကသိုလ်အဆင့်) ဖွင့်ပွဲအခမ်းအနား(၁၆-၁-၂၀၁၈)



မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ်ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မိတ္ထီလာတက္ကသိုလ် ဘွဲ့ကြို/ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ၏ သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနနှင့် Project ပြပွဲ၊ ပြိုင်ပွဲ(တက္ကသိုလ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ၀န်ဇင်းခန်းမ၌ (၁၆-၁-၂၀၁၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မော်ကွန်းထိန်းတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။