Monday, August 6, 2018

မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှကြီးမှူးကျင်းပသည့် "IMPROMPTU TALK CONTEST" အခမ်းအနား(၁၆-၁-၂၀၁၈)


မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှကြီးမှူး၍ "IMPROMPTU TALK CONTEST" အခမ်းအနားကို မိတ္ထီလာတက္ကသိုလ် Presentation Room (၁၆-၁-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။